အားလုံးပဲ မင်္ဂလာပါခင်ဗျာ ဒီတခါတော့ ကျွန်တော်တို့ရဲ့ GC Scifi thriller Fan တွေ နှစ်သက်လောက်မယ့် Morgan ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ
ဒီဇာတ်ကားမှာတော့ Morgan (Anya Taylor-Joy)ဟာ ဇီဝအင်ဂျင်နီယာပညာနဲ့ ဖန်တီးထားတဲ့ မိန်ကလေးဖြစ်ပါတယ်။ သူဟာ လသားအရွယ်မှာပဲ စကားပြောတတ် လမ်းလျှောက်တတ်ခဲ့တဲ့ ငါးနှစ်အရွယ် မိန်းကလေးပေါ့။ တနေ့မှာတော့ သူ့ကို ထိန်းကျောင်းသွန်သင်ပေးနေတဲ့ Dr. Kathy ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် Morgan ဟာ ဆက်လက်တည်ရှိသင့်တဲ့ မျိးစိတ်သစ်တခု ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ Lee Weather (Kate Mara) ကို ကုမ္ပဏီက စေလွတ်လိုက်တဲ့ အခါမှာတော့.......
ဒီဇာတ်ကားမှာ Kate Mara (Fantasic four 2015, Martian) Anya Taylor-Joy (The Witch, Split) Rose Leslie (Game of thrones, The Last Witch Hunter) Michelle Yeoh (The Lady, Tomorrow Never Die) နဲ့ Paul Giamatti (Cinderella man, 12 Years in Slave) တို့ အဓိက သရုပ်ဆောင်ထားပြီး Paul Giamatti ကတော့ သူ့ရဲ့ပုံစံအတိုင်း တခန်းကို တခန်းဆိုသလို ဇာတ်ကို ဆွဲတင်သွားခဲ့ပါတယ်။
ဒါရိုက်တာ Luke Scott (ဒါရိုက်တာကြီး Rideley Scott ရဲ့ သား၊ ဒါရိုက်တာကြီး Tony Scott ရဲ့ တူ) ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သလို GC ရဲ့ Translater အသစ် Luke ရဲ့ ပထမဆုံးဘာသာပြန် လက်ရာလည်းဖြစ်ပါတယ်။ မတူညီတဲ့ နေရာနှစ်ခုက မတူညီတဲ့ လူသစ်နှစ်ယောက်ရဲ့လက်ရာကို ခံစားဝေဖန်ကြည့်ချင်ပါတယ် ဆိုရင်ဖြင့် ......
Review & Translator by Luke Walker
Encode by: Hein Min Htet
Quality -720P HD
Size -670MB
No comments:
Post a Comment