သခင်ကြီးမင်းသမီးကား တပင်ရွှေထီးနှင့် ခမည်းတော်တူ မယ်တော်ကွဲ မောင်နှမတော် ဖြစ်သည်။ တပင်ရွှေထီး၏ အစ်မတော်ဖြစ်ပြီး၊ မယ်တော်မှာ မိုးဗြဲစားသမီးတော် ခင်နွယ် ဖြစ်သည်။ ရှင်ရဲထွတ်နှင့် အသက်အရွယ်မတိမ်မယိမ်းဖြစ်ကာ ကစားဖော်ကစားဖက် ဖြစ်ခဲ့သည်။ ငယ်စဉ်ကာလကပင် ရှင်ရဲထွတ်နှင့် တစ်ဦးပေါ်တစ်ဦး သံယောဇဉ်တွယ်တာမှုများ နှောင်ဖွဲ့လာမိခဲ့ကြသည်။
အချစ်စိတ်က ဖုံးလွှမ်းကာဆီးထားသဖြင့် ရှင်ရဲထွတ်မှာ ဘုရင့်သမီးတော်အား ချစ်မိမှားသည့်အတွက် ကျရောက်လာမည့် ရာဇဝတ်ဘေးကိုလည်း မတွေးမမြင်နိုင်တော့ပေ။ ထိုကိစ္စကို သခင်ကြီး၏ မယ်တော် သိရှိသွားပြီးနောက် မယ်တော်ဖြစ်သူမှတဆင့် ဖခမည်းတော် မင်းကြီးညို၏ ရွှေနားတော်သို့ ပေါက်ကြားသွားရတော့သည်။
ဘုရင်မင်းကြီးညိုမှာ ဒေါသအမျက်သို့ ပြင်းစွာ ဖြစ်ရတော့သည်။
“မိုက်လိုက်လေ ငထွတ်ငယ်၊ ငမိုက်သား ငထွတ်ငယ်အား ဖမ်းဆီးကြစေ”
ယင်းအမိန့်တော်ထုတ်ပြန်ချက် ကို ကြားသိလိုက်ရချိန်တွင် သခင်ကြီးမှာ ရှင်ရဲထွတ်အတွက် ကြီးစွာသော စိုးရိမ်ပူပန်မှုတို့ကို ခံစားရပြီး ရှင်ရဲထွတ်အား အကြောင်းကြားစေကာ ရှောင်ပြေးခိုင်းသည်။ သို့သော် ရှင်ရဲထွတ်က မပြေး။
ရှင်ရဲထွတ်၏ သတ္တိကား အံ့ဖွယ်ရှိလှပေစွ။ သံမဏိစိတ်ဓာတ်ဟု ဆိုရလိမ့်မည်။ ဤလောကတွင် မိမိအနေနှင့်အကြီးမြတ်ဆုံးဘ ဝကို မရောက်ရှိပဲ မသေနိုင်သေးဟု မိမိကိုယ်ကို ယုံကြည်စိတ်ဖြင့် ဘုရင့်ရှေ့တော်မှောက်သို့ ဝင်ရောက်ကာ ရဲရဲဝံ့ဝံ့ရင်ဆိုင်မည်ဟု ဆုံးဖြတ်လိုက်၏။
“ဘုန်းတော်ကြောင့် အရှင်မင်းကြီး ချမှတ်တော်မူသည့် ရာဇဝတ်အပြစ်ဒဏ်ကို ခံယူရန်အတွက် လာရောက်ရခြင်း ဖြစ်ပါသည်”
မင်းကြီးညိုမှာ ရှင်ရဲထွတ်လျှောက်တင်ချက်ြေ ကာင့် တအံ့တသြဖြစ်ကာ
ရှင်ရဲထွတ်အပေါ် အထင်ကြီးစိတ်များ ဖြစ်ပေါ်တော်မူလာရသည်။
ကိုယ်တော်တိုင်ပင် လောကီပညာဗေဒင်အရာကို တတ်ကျွမ်းသည့် မင်းကြီးညိုသည် ရှင်ရဲထွတ်၏ဇာတာကိုယူ၍ သေချာစွာစစ်ဆေးလိုက်သည်။
“စန်းလဂ် အလွန်ကောင်းမွန်သည့် ထူးခြားရှားပါးလှသော ဇာတာပါတကား။ ရှင်ရဲထွတ်ကား သာမန်ဇာတာရှင်မဟုတ်။ ဤဇာတာအရ ရှင်ရဲထွတ်မှာ တစ်ချိန်တွင် ထီးဆောင်းမင်းဧကရာဇ်ပင် ဖြစ်နိုင်သည်။ သားတော် တပင်ရွှေထီးနှင့်လည်း ညီနောင်နွယ်ရင်းသဖွယ် အလွန်ချစ်ခင်ကြသည်။
တစ်ဖန် ကေတုမတီ(တောင်ငူ) သိုက်စာဟောင်းတွင်လည်း ‘ဆင်ဖြူသုံးစီး၊ ဘုန်းဘုန်းကြီး၊ နေမီး တန်ဆောင်ထွန်း လတ္တံ့။ နောက်ဆုံးဆင်ကြီး၊ စွယ်ရောင်ညီး၊ အမြီးရှည်သွယ်ဖား လတ္တံ့’ ဟု ပါရှိသည်။ ဆင်ဖြူသုံးစီးမှာ ဗုဒ္ဓဟူးနေ့ မင်းသုံးပါးတို့ ကေတုမတီနန်းတွင် စိုးစံမည့်အကြောင်း ဖြစ်သည်။ ငါသည် ဗုဒ္ဓဟူးသား၊ သားတော်သည် ဗုဒ္ဓဟူးသား၊ ရှင်ရဲထွတ်လည်း ဗုဒ္ဓဟူးသား၊ ဤသုံးဦးသာလျှင် ဆင်ဖြူသုံးစီးဖြစ်အံ့သည်။
ဤသို့ဆိုလျှင် ရှင်ရဲထွတ်သည် ‘နောက်ဆုံးဆင်ကြီး စွယ်ရောင်ညီး’ ဆိုသည့် အတိတ်နိမိတ်ရသူ ဖြစ်ပေလိမ့်မည်။ သမီးတော်သခင်ကြီးသည်လည်း ရှင်ရဲထွတ်နှင့် သင့်မြတ်ခြင်းဖြင့် မိဖုရားကြီးအရာကို ရနိုင်သည်။ ရှင်ရဲထွတ်မှာ တောင်ခမင်းကြီး၏ မြေးတော်ဖြစ်သဖြင့်လည်း အမျိုးညံ့သည်ဟု ဆို၍မရ။ ငါနတ်ရွာစံလျှင်လည်း ငါ့သားတော်မှာ တစ်ပါးတည်းကျန်ရှိခဲ့မည်။ ထိုအခါ ညီနောင်နွယ်ရင်းသဖွယ်ဖြစ်သည့် ရှင်ရဲထွတ်ကို အနီးတွင်ထားကာ လက်ရုံးသဖွယ် အားကိုးမှု ပြုရလိမ့်မည်။ ရှင်ရဲထွတ်သည် ငါ့သားတော်အပေါ်တွင်လည်း ငါ့သားတော် သက်ရှိထင်ရှားရှိနေသမျှ သစ္စာရှိမည့်သူပင် ဖြစ်လိမ့်မည်” ဟု မင်းကြီးညို မျှော်တွေးတော်မူသည်။ သို့အားဖြင့် ရှင်ရဲထွတ်မှာ အသက်ပင်ဆုံးနိုင်သည့်ရာဇဝတ် တော်ဘေးမှ လွတ်ကင်းသွားရတော့သည်။
တပင်ရွှေထီး တောင်ငူထီးနန်းကို စိုးစံတော်မူခြင်း
ကေတုမတီ (တောင်ငူ)မြို့တည်နန်းတည် ဘုရင်မင်းကြီးညိုသည် နန်းစံနှစ် (၄၆)နှစ်၊ သက်တော် (၇၂) နှစ်၊ သက္ကရာဇ် (၈၉၂)ခု၊ နတ်တော်လဆန်း (၅)ရက်နေ့တွင် နတ်ရွာစံတော်မူသည်။
မင်းကြီးညိုကား အင်းဝနိုင်ငံတော် လက်အောက်မှ လွတ်မြောက်အောင် ကြိုးစားကာ မြို့သစ်နန်းသစ်တည်ပြီး လွတ်လပ်စွာ သီးခြားစိုးစံတော်မူသော မင်းဖြစ်သည်။ မင်းကြီးညိုတည်ထောင်တော်မူခဲ့သော ကေတုမတီ(တောင်ငူ) ရွှေမြို့တော်ကြီးကား မြန်မာနိုင်ငံ ၏ ဗဟိုချက်မသဖွယ်လည်းဖြစ်သည်။ မြို့ခင်းမြို့နေ အလွန်ပြန့်ပြူးသာယာလှသည်။ မြေသြဇာလည်း အလွန်ကောင်းသည်။ မြို့တော်၏ ဝန်းကျင်မှာလည်း မြစ်ချောင်း၊ တောတောင်၊ သစ်ပင်တို့ဖြင့် ဝန်းရံကာ စိမ်းလန်းစိုပြေနေသည်။
မြို့တော်တွင် ထင်ရှားသည့် မြတ်စောညီနောင်ဘုရား၊ မြထီးတင်ခေါ်သည့် ကန်းနီဘုရား၊ ရှင်ပင်ကျောက်ဆောက်ဘုရား၊ မြင်ပုန်းမြင်တင်ဘုရား၊ ဆံတော်ဘုရား၊ စည်းခုံဘုရားနှင့် အခြားတန်ခိုးကြီးဘုရားများသ ည်လည်း တည်ရှိကြ၏။ အာသာဝတီခေါ်သော ပေါင်းလောင်းမြစ်၊ ခပေါင်းချောင်းကြီးတို့ဖြင့်  မြို့တော်၏အလှကို တန်ဆာဆင်လျက်ရှိ၏။
ယခုသော် ကေတုမတီ ရွှေနန်းတည် ရွှေမြို့တော်သည် ဘုရင်မင်းကြီးညိုကား နတ်ရွာစံတော်မူလေပြီ။ ထို့ကြောင့် ကေသုမတီ ထီးနန်းကို စိုးစံရန်အတွက် မှူးကြီးမတ်ရာ သေနာပတိအပေါင်းတို့က မင်းကြီးညို အလွန်အားထားတော်မူသည့် မင်းကြီးညို၏ တစ်ပါးတည်းသော သားတော်ရတနာ တပင်ရွှေထီးကို မင်းအဖြစ်တင်မြှောက်လိုက်ကြ လေသည်။ ထို့ကြောင့် သက်တော် (၁၅)နှစ်၊ သက္ကရာဇ် (၈၉၂)ခု၊ နတ်တော်လဆန်း (၅)ရက်၊ ကြာသာပတေးနေ့တွင် တပင်ရွှေထီးသည် မင်းအဖြစ်သို့ရောက်ရှိတော်မူ ခဲ့ပြီး၊ ကေတုမတီ တောင်ငူနန်းကို စိုးစံအုပ်ချုပ်တော်မူသည်။
တပင်ရွှေထီးကား ရှင်ရဲထွတ်ကို ညီနောင်နွယ်ရင်းသဖွယ် အလွန်ချစ်ခင်တော်မူသကဲ့သို့ ၊ ယုံလည်းယုံကြည်၊ အားလည်းထားတော်မူသည်။ ထို့ကြောင့် မင်းဖြစ်လာသောအခါ ရှင်ရဲထွတ်ကို ‘ကျော်ထင်နော်ရထာ’ ဟူသော ဘွဲ့မည်နှင်း၍၊ အိမ်ရှေ့စံအရာသဖွယ် ထားတော်မူသည်။ (အိမ်ရှေ့စံဟူ၍ အတိအကျအပ်နှင်းခြင်းမဟုတ်။) ရှင်ရဲထွတ်၏ ညီမတော် ခင်ဘုန်းကိုလည်း မိဖုရားမြှောက်တော်မူသည်။
တပင်ရွှေထီး၏ အဓိက မိဖုရားနှစ်ပါးမှာ တပင်ရွှေထီးနှင့် ငယ်ရွယ်စဉ်ကပင် သံယောဇဉ်နှောင်တွယ်ရစ်ခဲ့ကြ သည့် ခင်ဘုန်းနှင့် အထိန်းတော် သတိုးဓမ္မရာဇာဘွဲ့ခံ ရှင်နီတာ၏ သမီးတော် ခင်မြတ်တို့ပင် ဖြစ်သည်။
ထို့ပြင် မိမိအရွယ်ငယ်စဉ်မှစလျက် ယခု မင်းအဖြစ်သို့ ရောက်ရှိလာသည့်တိုင်အောင် ကျေးဇူး အထူးရှိသူတို့အားလည်း ဘွဲ့ထူး၊ ဂုဏ်ထူး၊ အဆောင်အယောင်ထူးတို့ဖြင့် ချီးမြှင့်မြှောက်စားတော်မူ သည်။ ထိုသို့ မြှောက်စားတော်မူရာတွင် ရှင်ရဲထွတ်၏ ဖခင်အထိန်းတော်ကြီး မင်းကြီးဆွေမှာ ‘မင်းရဲသိင်္ခသူ’ ဟူသော ဘွဲ့မည်ဖြင့် ရာထူးစည်းစိမ် အဆောင်အယောင်တို့နှင့် ချီးမြှင့်မြှောက်စားခြင်း ခံရသည်။ (မင်းကြီးဆွေမှာ နောင်အခါ၌ တောင်ငူဘုရင်ခံ ဖြစ်လာ၏။)
တပင်ရွှေထီးသည် မင်းဖြစ်လာသည့်အခါ၌လည်း မင်းပွဲသဘင်၊ ညီလာခံပွဲသဘင်တို့မှတစ်ပါး ရှင်ရဲထွတ်ကို ငယ်စဉ်က ကဲ့သို့ပင် နောင်တော်ရင်းသဖွယ်ထားလျက် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံတော်မူသည်။ တိုင်ပင်ရန်ကိစ္စများကိုလည်း ရှင်ရဲထွတ်နှင့်သာ တိုင်ပင်တော်မူသည်။
စစ်မှုရေးရာအလုံးစုံတို့တွင်လည်း ရှင်ရဲထွတ်ကိုသာ လွှဲပုံအပ်နှင်းတော်မူသည်။ ကျော်ထင်နော်ရထာဘွဲ့ဖြင့် ထင်ရှားလာသော ရှင်ရဲထွတ်ကလည်း ပင်ကိုမူလ ပဋိသန္ဓေဓာတ်ခံသန့်စင်သည့် ပုဂ္ဂိုလ်ဖြစ်သောကြောင့် တပင်ရွှေထီးနေရာပေးကာ လုပ်ပိုင်ခွင့်အာဏာ လွဲပုံထားပါသော်လည်း စိတ်ထားတက်ကြွဖောက်ပြန်မောက်မာခြင်းမရှိ။ တည်ကြည်ခိုင်မာသည့် စိတ်ဓာတ်ဖြင့် ယခင်နေမြဲအတိုင်းပင် မပြောင်းမလဲဘဲ က္ကုနြေ္ဒရစွာ နေသည်။
တပင်ရွှေထီးအပေါ်မှာလည်း အလွန်သစ္စာရှိစွာဖြင့် ရှေးကမေတ္တာ အတိုင်းပင် ဘုရင့်အကျိုးကိုသာများစွာလိုလားသော စိတ်ဖြင့် အမှုတော်အမျိုးမျိုးကို သက်စွန့်ကြိုးပမ်းထမ်းရွက်ခဲ့သည်။ (နောင်တွင် ဘုရင့်နောင်ဟု မြန်မာ့သမိုင်းတွင်အထင်ရှား ဆုံးဖြစ်လာမည့် ရှင်ရဲထွတ်၏ စိတ်နေသဘောထားကား အတုယူဖွယ်ကောင်းလေစွ။ သစ္စာတော်ခံ သစ္စာတော်ကြီးသည့် နေရာတွင် အာဏာရမ္မက်၊ လောဘမဖက်သည့် တုပြိုင်နိုင်သူမရှိ၊ အဓိပတိပုဂ္ဂိုလ် ဖြစ်သဖြင့် အလွန်အားကျ ချီးကျူးရမည့် ပုဂ္ဂိုလ်ဟု ဆိုရပါမည်။)
ထို့နောက် တပင်ရွှေထီးသည် ရှင်ရဲထွတ်နှင့် အစ်မတော်သခင်ကြီးတို့၏ သံယောဇဉ်မေတ္တာတော်ကို သိထားတော်မူပြီး ဖြစ်သဖြင့် နောင်တော်ရှင်ရဲထွတ်နှင့် အစ်မတော် သခင်ကြီးတို့ကို လက်ထပ်မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပ ပေးတော်မူသည်။ ဤသို့ တပင်ရွှေထီးက နှစ်လိုလက်ခံ လက်ထပ်မင်္ဂလာသဘင်ကို ဆင်ယင်ပေးသဖြင့် ကေတုမတီ ပြည်သူပြည်သားတို့မှာ အထူးပင် ကျေနပ်ဝမ်းမြှောက်ခြင်း ဖြစ်ကြရသည်။
အချစ်စိတ်က ဖုံးလွှမ်းကာဆီးထားသဖြင့် ရှင်ရဲထွတ်မှာ ဘုရင့်သမီးတော်အား ချစ်မိမှားသည့်အတွက် ကျရောက်လာမည့် ရာဇဝတ်ဘေးကိုလည်း မတွေးမမြင်နိုင်တော့ပေ။ ထိုကိစ္စကို သခင်ကြီး၏ မယ်တော် သိရှိသွားပြီးနောက် မယ်တော်ဖြစ်သူမှတဆင့် ဖခမည်းတော် မင်းကြီးညို၏ ရွှေနားတော်သို့ ပေါက်ကြားသွားရတော့သည်။
ဘုရင်မင်းကြီးညိုမှာ ဒေါသအမျက်သို့ ပြင်းစွာ ဖြစ်ရတော့သည်။
“မိုက်လိုက်လေ ငထွတ်ငယ်၊ ငမိုက်သား ငထွတ်ငယ်အား ဖမ်းဆီးကြစေ”
ယင်းအမိန့်တော်ထုတ်ပြန်ချက်
ရှင်ရဲထွတ်၏ သတ္တိကား အံ့ဖွယ်ရှိလှပေစွ။ သံမဏိစိတ်ဓာတ်ဟု ဆိုရလိမ့်မည်။ ဤလောကတွင် မိမိအနေနှင့်အကြီးမြတ်ဆုံးဘ
“ဘုန်းတော်ကြောင့် အရှင်မင်းကြီး ချမှတ်တော်မူသည့် ရာဇဝတ်အပြစ်ဒဏ်ကို ခံယူရန်အတွက် လာရောက်ရခြင်း ဖြစ်ပါသည်”
မင်းကြီးညိုမှာ ရှင်ရဲထွတ်လျှောက်တင်ချက်ြေ
ရှင်ရဲထွတ်အပေါ် အထင်ကြီးစိတ်များ ဖြစ်ပေါ်တော်မူလာရသည်။
ကိုယ်တော်တိုင်ပင် လောကီပညာဗေဒင်အရာကို တတ်ကျွမ်းသည့် မင်းကြီးညိုသည် ရှင်ရဲထွတ်၏ဇာတာကိုယူ၍ သေချာစွာစစ်ဆေးလိုက်သည်။
“စန်းလဂ် အလွန်ကောင်းမွန်သည့် ထူးခြားရှားပါးလှသော ဇာတာပါတကား။ ရှင်ရဲထွတ်ကား သာမန်ဇာတာရှင်မဟုတ်။ ဤဇာတာအရ ရှင်ရဲထွတ်မှာ တစ်ချိန်တွင် ထီးဆောင်းမင်းဧကရာဇ်ပင် ဖြစ်နိုင်သည်။ သားတော် တပင်ရွှေထီးနှင့်လည်း ညီနောင်နွယ်ရင်းသဖွယ် အလွန်ချစ်ခင်ကြသည်။
တစ်ဖန် ကေတုမတီ(တောင်ငူ) သိုက်စာဟောင်းတွင်လည်း ‘ဆင်ဖြူသုံးစီး၊ ဘုန်းဘုန်းကြီး၊ နေမီး တန်ဆောင်ထွန်း လတ္တံ့။ နောက်ဆုံးဆင်ကြီး၊ စွယ်ရောင်ညီး၊ အမြီးရှည်သွယ်ဖား လတ္တံ့’ ဟု ပါရှိသည်။ ဆင်ဖြူသုံးစီးမှာ ဗုဒ္ဓဟူးနေ့ မင်းသုံးပါးတို့ ကေတုမတီနန်းတွင် စိုးစံမည့်အကြောင်း ဖြစ်သည်။ ငါသည် ဗုဒ္ဓဟူးသား၊ သားတော်သည် ဗုဒ္ဓဟူးသား၊ ရှင်ရဲထွတ်လည်း ဗုဒ္ဓဟူးသား၊ ဤသုံးဦးသာလျှင် ဆင်ဖြူသုံးစီးဖြစ်အံ့သည်။
ဤသို့ဆိုလျှင် ရှင်ရဲထွတ်သည် ‘နောက်ဆုံးဆင်ကြီး စွယ်ရောင်ညီး’ ဆိုသည့် အတိတ်နိမိတ်ရသူ ဖြစ်ပေလိမ့်မည်။ သမီးတော်သခင်ကြီးသည်လည်း ရှင်ရဲထွတ်နှင့် သင့်မြတ်ခြင်းဖြင့် မိဖုရားကြီးအရာကို ရနိုင်သည်။ ရှင်ရဲထွတ်မှာ တောင်ခမင်းကြီး၏ မြေးတော်ဖြစ်သဖြင့်လည်း အမျိုးညံ့သည်ဟု ဆို၍မရ။ ငါနတ်ရွာစံလျှင်လည်း ငါ့သားတော်မှာ တစ်ပါးတည်းကျန်ရှိခဲ့မည်။ ထိုအခါ ညီနောင်နွယ်ရင်းသဖွယ်ဖြစ်သည
တပင်ရွှေထီး တောင်ငူထီးနန်းကို စိုးစံတော်မူခြင်း
ကေတုမတီ (တောင်ငူ)မြို့တည်နန်းတည် ဘုရင်မင်းကြီးညိုသည် နန်းစံနှစ် (၄၆)နှစ်၊ သက်တော် (၇၂) နှစ်၊ သက္ကရာဇ် (၈၉၂)ခု၊ နတ်တော်လဆန်း (၅)ရက်နေ့တွင် နတ်ရွာစံတော်မူသည်။
မင်းကြီးညိုကား အင်းဝနိုင်ငံတော် လက်အောက်မှ လွတ်မြောက်အောင် ကြိုးစားကာ မြို့သစ်နန်းသစ်တည်ပြီး လွတ်လပ်စွာ သီးခြားစိုးစံတော်မူသော မင်းဖြစ်သည်။ မင်းကြီးညိုတည်ထောင်တော်မူခ
မြို့တော်တွင် ထင်ရှားသည့် မြတ်စောညီနောင်ဘုရား၊ မြထီးတင်ခေါ်သည့် ကန်းနီဘုရား၊ ရှင်ပင်ကျောက်ဆောက်ဘုရား၊ မြင်ပုန်းမြင်တင်ဘုရား၊ ဆံတော်ဘုရား၊ စည်းခုံဘုရားနှင့် အခြားတန်ခိုးကြီးဘုရားများသ
ယခုသော် ကေတုမတီ ရွှေနန်းတည် ရွှေမြို့တော်သည် ဘုရင်မင်းကြီးညိုကား နတ်ရွာစံတော်မူလေပြီ။ ထို့ကြောင့် ကေသုမတီ ထီးနန်းကို စိုးစံရန်အတွက် မှူးကြီးမတ်ရာ သေနာပတိအပေါင်းတို့က မင်းကြီးညို အလွန်အားထားတော်မူသည့် မင်းကြီးညို၏ တစ်ပါးတည်းသော သားတော်ရတနာ တပင်ရွှေထီးကို မင်းအဖြစ်တင်မြှောက်လိုက်ကြ
တပင်ရွှေထီးကား ရှင်ရဲထွတ်ကို ညီနောင်နွယ်ရင်းသဖွယ် အလွန်ချစ်ခင်တော်မူသကဲ့သို့
တပင်ရွှေထီး၏ အဓိက မိဖုရားနှစ်ပါးမှာ တပင်ရွှေထီးနှင့် ငယ်ရွယ်စဉ်ကပင် သံယောဇဉ်နှောင်တွယ်ရစ်ခဲ့ကြ
ထို့ပြင် မိမိအရွယ်ငယ်စဉ်မှစလျက် ယခု မင်းအဖြစ်သို့ ရောက်ရှိလာသည့်တိုင်အောင် ကျေးဇူး အထူးရှိသူတို့အားလည်း ဘွဲ့ထူး၊ ဂုဏ်ထူး၊ အဆောင်အယောင်ထူးတို့ဖြင့် ချီးမြှင့်မြှောက်စားတော်မူ
တပင်ရွှေထီးသည် မင်းဖြစ်လာသည့်အခါ၌လည်း မင်းပွဲသဘင်၊ ညီလာခံပွဲသဘင်တို့မှတစ်ပါး ရှင်ရဲထွတ်ကို ငယ်စဉ်က ကဲ့သို့ပင် နောင်တော်ရင်းသဖွယ်ထားလျက် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံတော်မူသည်။ တိုင်ပင်ရန်ကိစ္စများကိုလည်း
စစ်မှုရေးရာအလုံးစုံတို့တွင
တပင်ရွှေထီးအပေါ်မှာလည်း အလွန်သစ္စာရှိစွာဖြင့် ရှေးကမေတ္တာ အတိုင်းပင် ဘုရင့်အကျိုးကိုသာများစွာလိ
ထို့နောက် တပင်ရွှေထီးသည် ရှင်ရဲထွတ်နှင့် အစ်မတော်သခင်ကြီးတို့၏ သံယောဇဉ်မေတ္တာတော်ကို သိထားတော်မူပြီး ဖြစ်သဖြင့် နောင်တော်ရှင်ရဲထွတ်နှင့် အစ်မတော် သခင်ကြီးတို့ကို လက်ထပ်မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပ ပေးတော်မူသည်။ ဤသို့ တပင်ရွှေထီးက နှစ်လိုလက်ခံ လက်ထပ်မင်္ဂလာသဘင်ကို ဆင်ယင်ပေးသဖြင့် ကေတုမတီ ပြည်သူပြည်သားတို့မှာ အထူးပင် ကျေနပ်ဝမ်းမြှောက်ခြင်း ဖြစ်ကြရသည်။
ဆက်ရန်
စာရေးသူ ကိုဟိန်းဇေ
စာရေးသူ ကိုဟိန်းဇေ
No comments:
Post a Comment