အက်စီးဒန့်တစ်ခုကြောင့် (၁၀)နှစ်လောက် အတိတ်မေ့သွားခဲ့ရတဲ့ တန် (Mario Maurer) ဟာ ပြန်သတိရလာချိန်မှာ သူ့နာမည်ကလွဲပြီး သူဘယ်လူလဲဆိုတာကို မသိတော့ပါဘူး။ ဒါကြောင့် ဆေးရုံတစ်ခုမှာ အလုပ်လုပ်နေရင်း သူ့ကိုယ်သူ ဘယ်သူလဲဆိုတာသိရဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သဲလွန်စတစ်ခု တွေ့သွားခဲ့ပြီး သူ့အိမ်ကို ပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တန်အနေနဲ့ "မင်းဒီကထွက်တာနဲ့ ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်ဘူး" ဆိုတဲ့ ရှေ့ဖြစ်ဟောသူကြီးရဲ့ စကားကိုတော့ နားထောင်ခဲ့သင့်ပါတယ်။ ဘာကြောင့်ဆို သူ့မိသားစုအကြောင်း ပိုသိလာရလေလေ ထိတ်လန့်ကြောက်ရွံ့စရာတွေ ကြုံတွေ့လာရလို့ပါ။ ဒီအကြောက်တရားထဲက ရုန်းထွက်တိုင်း အခါခါ ပိတ်မိနေခဲ့ရတဲ့ နောက်မှာတော့...
Friday, December 30, 2016
My War (2016) မြန်မာစာတန်းထိုး
My War ဟာ (၂၀၁၆)ခုနှစ်အတွင်း တရုတ်ရုပ်ရှင်လောကမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တောင်ကိုးရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ နှစ်နိုင်ငံစစ်ပွဲမှာ တရုတ်တို့ ပါဝင်ပတ်သက်ခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းအပေါ် အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။
အဆိုပါ ကိုရီးယားစစ်ပွဲအတွင်း တောင်ကိုးရီးယားဘက်မှာ အမေရိကန်ရှိနေချိန်မှာ မြောက်ကိုရီးယားဘက်ကနေ တရုတ်က စစ်ကူတိုက်ပေးခဲ့ရတာပါ။ ဒီစစ်ပွဲမှာ တရုတ်တို့ ဘာကြောင့် ပါဝင်ခဲ့ရသလဲဆိုတာကို သေချာရှင်းပြပြီး ဇာတ်လမ်းကို စဖွင့်ပါတယ်။ အဲဒီနောက်မှာတော့ ကပ္ပတိန် Meng (Wang Luodan) ဦးဆောင်တဲ့ စစ်ကူအဖွဲ့နဲ့ Sun Beichuan (Liu Ye) ဦးဆောင်တဲ့ စစ်ကူအဖွဲ့နှစ်ဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံကို ရထားလမ်းမှတဆင့် သွားခဲ့ကြပါတယ်။
ဒါပေမဲ့ တရုတ်စစ်ကူအဖွဲ့ဟာ ခရီးအဆုံးကိုမရောက်ခင် အမေရိကန်တပ်ဖွဲ့တွေရဲ့ ချုံခိုတိုက်ခိုက်မှုကို ကြုံတွေ့ရတဲ့အခါမှာတော့....
The Messenger ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Oxide Pang က ရိုက်ကူးထားပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Liu Ye, Wang Luodan, Huang Zhizhong နဲ့ Tony Yang တို့ ပါဝင်အားဖြည့်ထားတဲ့ My War ဟာ မထွက်ခင်ကတည်းက ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒီကားမှာ စစ်ပွဲရဲ့ နှလုံးသည်းပွတ် အခိုက်အတန့်တွေဖြစ်တဲ့ အပစ်အခတ်နဲ့ ဗုံးပေါက်ကွဲခန်းတွေ၊ စစ်သားတွေရဲ့ အမိန့်နာခံမှု၊ သစ္စာရှိမှုနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားက ညီအစ်ကိုသံယောဇဉ်တွေကို ပရိသတ်တွေအနေနဲ့ ခံစားကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။
IDMb 6.2 ရရှိထားတဲ့အပြင် ဝေဖန်သုံးသပ်သူတွေကြားမှာလည်း အပေါင်းလက္ခဏာဆောင်တဲ့ ချီးကျူးမှုတွေရရှိထားလို့ စစ်ကားကြိုက်သူတွေသာမက သာမန်ရုပ်ရှင်ပရိသတ်တွေပါ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။
Review by Phyoe Ko Ko
Translate by Yee Mon Khaing
Encoded by Hein Min Htet
Quality-HD 1080p
Size-880mb
The Menu(2016)မြန်မာစာတန်းထိုး
ဒီတစ်ခါ တော့....ပိရိသတ်ကြီး ကို
Rating 6.3/10 ထိရရှိထားတဲ့ The Menu 2016 ဟောင်ကောင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ
ဇာတ်လမ်းအကျဉ်းလေးကတော့
Smart Post ရုံးမှာ ဖုန်းရင်၊ လော်ကဖိုင် နဲ့ မယ်လိုရီတို့က သတင်းထောက်လှမ်းရေးသမားတွေပါ။ နေ့တိုင်းနေ့တိုင်း သတင်းတွေ စုဆောင်းနေရတဲ့ အတွက် အလုပ်အရမ်းများပါတယ်။ ရုတ်ချည်းဆိုသလို C99 TV, စတူဒီယိုမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်ခဲ့တဲ့အချိန်မှာ လူအများစုဟာ ထိတ်လန့်သွားကြတယ်။
ဒီ ပေါက်ကွဲမှုဖြစ်လာရတဲ့ နောက်ကြောင်းရာဇဝင်ဟာလည်း စိတ်ဝင်စားဖွယ်ကောင်းအောင် ကြည့်ရှုသူတွေကို ဆွဲခေါ်သွားမှာပါ။ ဟောင်ကောင်က သူဆင်းရဲ လူတန်းစားတွေ အတွက် ဥပဒေ ပြောင်းလဲရေး မပြောင်းလဲရေး ကိစ္စတွေကလည်း အရမ်းကို ရှူပ်ထွေးနေတဲ့အချိန်....
ဟောင်ကောင်ရဲ့ ဥပဒေကရောအပြောင်းအလဲ ဖြစ်မှာလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှူခံစားကြည့်ပါဗျာ 😃
သတင်းထောက်တွေရဲ့ ကိုယ်ကျင့်တရားတွေ သစ္စာရှိပုံ ၊ဖြောင့်မတ်မှူတွေ ၊Flash သတင်းဌာန နဲ့ အပြိုင်အဆိုင် လှုပ်ရှားလုပ်ကိုင်ပုံတွေကိုလည်း.... အသည်းတယားယား စိတ်ဝင်စားဖွယ်ကောင်းလောက်အောင် ကြည့်ရှု့ရမှာ ဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ ကားကောင်းလေးဖြစ်လို့ ပရိသတ်ကြီးလက်ထဲ အရောက်ပို့လိုက်ပါပြီခင်ဗျာ 😃😃😃
Review & Translate by Chue Myat Htet
Encoded by Hein Min Htet
Quality-Bluray 720p
Size-642mb

Thursday, December 29, 2016
SM-A300F CF-Auto-Root File
CF-Auto-Root-j5nlte-j5nltexx-smj500fn
Wednesday, December 28, 2016
CF-Auto-Root-j5nlte-j5nltexx-smj500f
Tuesday, December 27, 2016
Monday, December 26, 2016
Sunday, December 25, 2016
GALAXY A7 - SM-A700FD FIRMWARE
Model SM-A700FD
Model name GALAXY A7
Country Thailand
Version Android 6.0.1
Changelist 9186559
Build date Thu, 13 Oct 2016 13:05:29 +0000
Security Patch Level 2016-10-01
Product code THL
PDA A700FDXXU1CPJ2
CSC A700FDOLB1CPJ2
Friday, December 23, 2016
Deepwater Horizon(2016)မြန်မာစာတန်းထိုး
Imdb 7.4/10 အထိရရှိထားပြီး ဆုများစွာ သိမ်းပိုက်ထားတဲ့ Action,Drama ကားကောင်းလေးပါ...
ဒီတစ်ပတ်တော့ ပရိသတ်တွေ ကြည့်ဖို့ ညွှန်းပေးချင်တဲ့ ဇာတ် ကားလေးကတော့ Deepwater Horizon ပါ။ ၂၀၁၀ ပြည့်နှစ်တုန်း က ဖြစ်ရပ်မှန်အကြောင်းအရာကို အခြေခံရိုက်ကူးထားတဲ့ သဘာဝ ဘေးအန္တရာယ် သည်းထိတ်ရင်ဖို၊ အတ္ထုပ္ပတ္တိဇာတ်ကားမို့ ပရိသတ် တွေ သဘောကျမယ် ထင်ပါ တယ်။
Thursday, December 22, 2016
Galaxy J7 ⑥ - SM-J710K FIRMWARE
Wednesday, December 21, 2016
Commando Adventure Shooting V-5.0 (ဟတ်ပြီးသား)ဂိမ်း
Galaxy J7 ⑥ - SM-J710MN FIRMWARE
Model SM-J710MN
Model name Galaxy J7 ?
Country Argentina (Movistar)
Version Android 6.0.1
Changelist 9247539
Build date Tue, 13 Sep 2016 17:13:33 +0000
Security Patch Level 2016-09-01
Product code UFN
PDA J710MNUBU1API5
Model name Galaxy J7 ?
Country Argentina (Movistar)
Version Android 6.0.1
Changelist 9247539
Build date Tue, 13 Sep 2016 17:13:33 +0000
Security Patch Level 2016-09-01
Product code UFN
PDA J710MNUBU1API5
မြန်မာ့အသက်အငယ်ဆုံး စစ်ဘုရင် မင်းရဲကျော်စွာ
မြန်မာ့အသက်အငယ်ဆုံး စစ်ဘုရင် မင်းရဲကျော်စွာ
May Dim
စစ်ဘုရင် မင်းရဲကျော်စွာ ( ဖွား-၇၅၂ ၊ လွန်-၇၇၈ )
မင်းရဲကျော်စွာကား ' အသက်အငယ်ဆုံး စစ်ဘုရင် ' အဖြစ် မြန်မာရာဇ၀င်တွင် မော်ကွန်းရေးထိုးနိုင်သည့် မင်းသားတစ်ပါးဖြစ်သည်။ မင်းရဲကျော်စွာသည် အင်းဝဘုရင် ပထမမင်းခေါင် နှင့်မိဖုရားရှင်မိနောက် တို့မှ သက္ကရာဇ် ၇၅၂ ခုနှစ်တွင် ဖွားမြင်သည်။ သမိုင်းသုတေသီတို့က - မင်းရဲကျော်စွာကထူးခြားသူပင်၊ အသက်ငယ်ငယ်နှင့် မတန်လှစွာ စစ်ရေးစစ်ရာ ကျွမ်းကျင်လှသည်။ မင်းရဲကျော်စွာ၏ထူးခြားချက်မှာ မင်းရဲကျော်စွာ၏ မွေးဖွားချိန်သည် မြန်မာနိုင်ငံသမိုင်းတွင် အကြီးကျယ်ဆုံးနှင့် အရှည်ကြာဆုံးဖြစ်သည့် မွန်-မြန်မာ အနှစ် ၄၀ စစ်ပွဲကာလဖြစ်နေခြင်းပင်ဖြစ်သည် ဟုမှတ်တမ်းပြုသည်။ အချို့ပညာရှင်များကလည်း မင်းရဲကျော်စွာသည် ဖခင်အင်းဝဘုရင် မင်းခေါင်မှာစစ်ဘုရင်တစ်ပါး ဖြစ်သဖြင့် အမိဝမ်းထဲရှိနေစဉ် ကပင်စစ်သွေးစစ်စိတ် ဗီဇများ ပါဝင်လေသလား ဟုမှတ်တမ်းပြုသည်။ အချို့ပညာရှင်များကမူ မင်းရဲကျော်စွာသည် မွန်ဘုရင် ရာဇာဓိရာဇ်၏ သံသယဖြင့် သတ်ပစ်ခဲ့သော ရာဇာဓိရာဇ် သားတော် ဗောလောကျန်းတော ၀င်စားသည်ဟုဆိုကြသည်။
မည်သို့ပင်ဖြစ်စေ မင်းရဲကျော်စွာ၏ ဘ၀သမိုင်းကို ပြန်ကြည့်လျှင် ထူးခြားမှုများရှိနေသည်ကို တွေ့ရ၏။
အကြောင်းမှာ -
သက္ကရာဇ် ၇၆၅ ခုနှစ် ၊ မင်းရဲကျော်စွာ သက်တော် ၁၃ နှစ်ဝင်စတွင် စစ်ဘုရင်ဘ၀သို့ ရောက်နေသောကြောင့်ဖြစ်သည်။
သက္ကရာဇ် ၇၆၅ ခုနှစ်တွင် ရခိုင်ဘုရင် ထောရာကြီး သည် မြန်မာမင်းတို့၏ ပိုင်နက်ဖြစ်သည့် ယောဆောနှင့် လောင်းရှည်တို့အား ထိပါးလာသဖြင့် ဘုရင်မင်းခေါင်သည် သားတော်မင်းရဲကျော်စွာအား တပ်မှူးခန့်ကာ တပ် ၁၀ တပ်နှင့် ချီတက်နှိမ်နင်းစေခဲ့သည်။ နနွင်းတောင်အရပ်တွင် မြန်မာတပ်နှင့် ရခိုင်ဘုရင်တပ်သို့ ရင်ဆိုင်တွေ့ကြရာ မင်းရဲကျော်စွာသည် ရုတ်ခြည်း လက်ဝဲ ၃ ၊ လက်ယာ ၃ ၊ တပ်ခွဲစေကာ ကိုယ်တိုင်မူ အလယ်ကြောင်း ၄တပ် အားကြီးမှူးပြီး ရဲမြတ်စွာ အမည်ရှိ ဆင်ကိုစီးပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်။ ထိုစစ်ပွဲတွင် ရခိုင်ဘုရင်ကျဆုံးပြီး ရခိုင်တပ်များ ထောင်းထောင်းညက်ညက်ကြေကာ တပ်ပျက်ဆုတ်ပြေးခဲ့ရ၏။ ထိုတိုက်ပွဲက မင်းရဲကျော်စွာ၏ ပထမဆုံးအောင်ပွဲဆင်နွှဲရသည့်တိုက်ပွဲလည်းဖြစ်သည်။
မင်းရဲကျော်စွာသည် သက္ကရာဇ် ၄၆၈ ခုနှစ်တွင် အင်းဝနန်း၏ မဟာဥပရာဇာ အဖြစ် ချီးမြှင့်မြှောက်စားခြင်း ခံခဲ့ရ၏။ မင်းရဲကျော်စွာသည် သက္ကရာဇ် ၇၇၂ မှ သည် နတ်ရွာစံသည့် ၇၇၈ ခုနှစ် အထိ ၆ နှစ်သော ကာလပတ်လုံး စစ်ကစားခဲ့ရသည်။ လက်ရုံးရည်တွင် စံဖက်ထင်ရှားသူအဖြစ် မှတ်တမ်းတင်ခံရလောက်အောင် ရဲစွမ်းပြနိုင်ခဲ့သည့် သူရဲကောင်း စစ်ဘုရင် ပင်ဖြစ်သည်။
မင်းရဲကျော်စွာ၏ ဘ၀တွင်ထင်ရှားသည့် တိုက်ပွဲနှင့် ဖြစ်စဉ်များကိုဖော်ပြရလျှင် -
-(က) သက္ကရာဇ် ၇၇၂ ခုနှစ် ။
မွန်ပြည်နယ်သို့ချီတက်ကာ မြောင်းမြ၊ ပုသိမ် နှင့် ခဲပေါင်တို့အား လုပ်ကြံခဲ့သည်။ အပြန်တွင် ရခိုင်၊ သံတွဲကိုပါ တိုက်ခိုက်အောင်မြင်ခဲ့သည်။
-(ခ) သက္ကရာဇ် ၇၇၃ ခုနှစ် ။
ရာဇာဓိရာဇ်သည် ရခိုင်သံတွဲကိုလုပ်ကြံသည်။ ထိုအကြောင်းကို မင်းရဲကျော်စွာ ကြားသိလျှင် ချက်ချင်းချီတက် ၀န်းရံလုပ်ကြံသည်။ သို့သော်အောင်မြင်ကြီးပွားခြင်း မရှိမီ တပ်ခေါက်ပြန်ခဲ့ရသည်။
-(ဂ)သက္ကရာဇ် ၇၇၃ ခုနှစ် ။
သိန္နီစော်ဘွား အင်းဝသို့ ချီလာသည်ကို မင်းရဲကျော်စွာအမှူးပြုကာ ခုခံ၏။ ပထမနှစ်ဖက် မြင်းတပ်ချင်းတိုက်သည်။ နောက် မင်းရဲကျော်စွာ နှင့် သိန္နီစော်ဘွား စီးချင်းထိုးသည်။ ထိုသို့စီးချင်းထိုးစဉ် မင်းရဲကျော်စွာသည် သိန္နီစော်ဘွား၏ဆင်ပေါ်သို့ ခုန်တက်ပြီး စော်ဘွားနှင့်တကွ ကုန်လယ်၊ ပဲ့စီးတို့ကိုပါ ခုတ်ချအောင်မြင်ခဲ့သည်။ ၅ လခန့်အကြာတွင် သိန္နီတပ်များ တရုတ်တပ်တို့ထံမှ အကူအညီတောင်းကာ ချီတက်လာသည်ကို မင်းရဲကျော်စွာ တိုက်ခိုက်အောင်မြင်သဖြင့် ဆင်၊ မြင်း၊ သုံ့ပန်း အများအပြားကို ရလိုက်သည်။
(ဃ)သက္ကရာင်္ဇ ၇၇၄ ခုနှစ် ။
မင်းရဲကျော်စွာသည် ကြည်းကြောင်း ဖြင့် မွန်တို့ဌာနီ သို့ချီတက်ခဲ့၏။ သံလျင်ကို အောင်မြင်ကာ အနောက်ဘက်တစ်လွှားဖြစ်သည့် ပုသိမ်၊ မြောင်းမြ ၊ ခဲပေါင်းမှ သုံ့ပန်းတို့အား အင်းဝသို့ ချည်ပို့ရ၏။
(င)သက္ကရာဇ် ၇၇၅ ခုနှစ် ။
မော်တုံး မော်ကပ်ဓား ရှမ်းတို့ မြေဒူးသို့ ထိပါးလာရာ မင်းရဲကျော်စွာ ချီတက်တိုက်ခိုက်အောင်မြင်သည်။
(စ) သက္ကရာဇ် ၇၇၆ ခုနှစ် ။
မင်းရဲကျော်စွာမွန်တို့ပြည်သို့ ချီတက်လာသည်။ မင်းရဲကျော်စွာ ချီတက်တိုက်ခိုက်ရာ စစ်ဦးတွင်အကြိမ်ကြိမ်အနိုင်ရ၏။ ရာဇာဓိရာဇ် မုတ္တမ ဘက်သို့ရှောင်တိမ်းရသဖြင့် အနောက်တစ်လွှားရှိ ပုသိမ်၊ မြောင်းမြ မှမြန်မာတို့ဖက်သို့ဝင်လာ၏။ မွန်သူရဲကောင်း သမိန်ဗရမ်းကိုလက်ရမိသည်။ မင်းရဲကျော်စွာသည် ဒလတွင် တပ်ချကာ ရာဇာဓိရာဇ်အားတိုက်ခိုက်ရန်ပြင်သည်။
(ဆ) သက္ကရာဇ် ၇၇၈ တန်ခူး ၁ ရက်နေ့၊
ရာဇာဓိရာဇ်သည် မိမိစစ်တပ်ကိုဖြတ်ကာ စစ်အင်ကျင်းနေ၏။ ရာဇာဓိရာဇ်သည် အမတ်ရှိန်အား ဆင် ၅ စီး၊ တပ်သား ၈၀၀ ခန့်နှင့် မင်းရဲကျော်စွာ အားစစ်မြှူစေသည်။
မင်းရဲကျော်စွာသည် အလျင်စလိုပင် စစ်မြှူရာရောက်သဖြင့် တပ်မနှင့်ကွဲပြားခဲ့၏။ ထိုသို့ ကမူးရှူးထိုး ချီတက်သဖြင့် မွန်တပ် ၆ တပ် နှင့်ထိပ်တိုက် တွေ့ရာ ၄ တပ်ပျက်၏။ ဆင်တော်ပန်းလှသဖြင့်ရပ်နေစဉ် ရာဇာဓိရာဇ်၏ သားတော်ကြီး ၃ပါးကြီးမှူးသော ဆင်အစီး ၃၀ ခန့်နှင့် ၀ိုင်းဝန်းတိုက်ခိုက်ခြင်းခံလိုက်ရသည်။ မင်းရဲကျော်စွာ၏စီးတော်ဆင် ငချစ်နိုင် လှံချက်ပေါင်းမြောက်များစွာထိပြီး မခံနိုင်သဖြင့် ခါချရာ မင်းရဲကျော်စွာကျပြီး ပေါင်တွင်ဒဏ်ရာရ၏။
ထိုအခါမင်းရဲကျော်စွာအား လက်ရဖမ်းမိသွားသည်။ မင်းရဲကျော်စွာဆင်ထိနာသည်းသည့်နေ့ ( ၇၇၈ ၊ တန်ခူးလဆန်း ၄ရက် ) ညတွင် လွန်တော်မူသည်။

Monday, December 19, 2016
Morgan (2016) မြန်မာစာတန်းထိုး
အားလုံးပဲ မင်္ဂလာပါခင်ဗျာ ဒီတခါတော့ ကျွန်တော်တို့ရဲ့ GC Scifi thriller Fan တွေ နှစ်သက်လောက်မယ့် Morgan ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ
ဒီဇာတ်ကားမှာတော့ Morgan (Anya Taylor-Joy)ဟာ ဇီဝအင်ဂျင်နီယာပညာနဲ့ ဖန်တီးထားတဲ့ မိန်ကလေးဖြစ်ပါတယ်။ သူဟာ လသားအရွယ်မှာပဲ စကားပြောတတ် လမ်းလျှောက်တတ်ခဲ့တဲ့ ငါးနှစ်အရွယ် မိန်းကလေးပေါ့။ တနေ့မှာတော့ သူ့ကို ထိန်းကျောင်းသွန်သင်ပေးနေတဲ့ Dr. Kathy ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် Morgan ဟာ ဆက်လက်တည်ရှိသင့်တဲ့ မျိးစိတ်သစ်တခု ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ Lee Weather (Kate Mara) ကို ကုမ္ပဏီက စေလွတ်လိုက်တဲ့ အခါမှာတော့.......
ဒီဇာတ်ကားမှာ Kate Mara (Fantasic four 2015, Martian) Anya Taylor-Joy (The Witch, Split) Rose Leslie (Game of thrones, The Last Witch Hunter) Michelle Yeoh (The Lady, Tomorrow Never Die) နဲ့ Paul Giamatti (Cinderella man, 12 Years in Slave) တို့ အဓိက သရုပ်ဆောင်ထားပြီး Paul Giamatti ကတော့ သူ့ရဲ့ပုံစံအတိုင်း တခန်းကို တခန်းဆိုသလို ဇာတ်ကို ဆွဲတင်သွားခဲ့ပါတယ်။
ဒါရိုက်တာ Luke Scott (ဒါရိုက်တာကြီး Rideley Scott ရဲ့ သား၊ ဒါရိုက်တာကြီး Tony Scott ရဲ့ တူ) ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သလို GC ရဲ့ Translater အသစ် Luke ရဲ့ ပထမဆုံးဘာသာပြန် လက်ရာလည်းဖြစ်ပါတယ်။ မတူညီတဲ့ နေရာနှစ်ခုက မတူညီတဲ့ လူသစ်နှစ်ယောက်ရဲ့လက်ရာကို ခံစားဝေဖန်ကြည့်ချင်ပါတယ် ဆိုရင်ဖြင့် ......
Review & Translator by Luke Walker
Encode by: Hein Min Htet
Quality -720P HD
Size -670MB
Guppy (2016)မြန်မာစာတန်းထိုး
bollywood fanတွေရော Tamil fanတွေအတွက်ပါ တမူးထူးခြားတဲ့ ဇာတ်အိမ်လေးနဲအကြမ်းကြီးမဟုတ်ပေမယ် ကားကအအေးကြီးလည်းမဟုတ်ပါဘူး။သူဟာသူ ကားအစကနေအဆုံးထိ ဆွဲခေါ်သွားစေမယ် ဇာတ်အိမ်ကောင်းတဲ့ကားတခုလို့တော့ဆိုနိင်ပါတယ်။ ၂၀၁၆ခုနှစ် သြဂုတ်လမှာ ထွက်ရှိထားတဲ့ Guppy ဆိုတဲ့ အိန္ဒိယ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ၊ Chethanlal နဲ့ Tovino Thomas တို့အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်၊ ဒီဇာတ်ကား ထဲမှာတော့ Chethanlal ဟာ ငါးရောင်းတဲ့ေ ကာင်လေး Guppy နေရာကနေ သရုပ်ဆောင် ထားပြီး အောက်ပိုင်းသေနေတဲ့သူ့အမေအတွက် ဝှီးချဲးလေးဝယ်ပေးချင်တဲ့ဆန္ဒပြင်းပြနေပါတယ်၊
Guppyဆိုတဲ့ဒီဇာတ်ကားလေးကတော့ ဇာတ်ကားရဲ့မင်းသားနာမည်လေးကိုယူထားတာဖြစ်ပါတယ်။ Drama ဇာတ်ကားလေးတစ်ကားလဲဖြစ်သလို မပျင်းရအောင် Comedyအခန်းလေးတွေလဲထည့်ထားပါတယ်။ Guppyဆိုတဲ့အိမ်မွေးငါးငယ်လေးတွေကိုမွေးမြူရောင်းချရင်း Guppy ဆိုပြီးတော့အမည်တွင်ခဲ့ရသူပါ။ ဖခင်ဖြစ်သူဆုံးပြီးကတည်းက ကိုယ်တိုင်ငွေရှာဖွေ ကျန်းမာရေးမကောင်းတဲ့မိခင်ကိုစောင့်ရှောက်ပြီး ဘဝကိုရုန်းကန်နေရသူတစ်ယောက်ပါ။ သူတို့နေတဲ့မြို့ကိုတံတားဆောက်ဖို့အင်ဂျင်နီယာတွေရောက်လာတဲ့အခါ အင်ဂျင်နီယာခေါင်းဆောင်နဲ့ ဘယ်လိုပဋိပက္ခတွေဖြစ်ကြလဲ။
အင်ဂျင်နီယာခေါင်းဆောင်နဲ့Guppyရဲ့ကြားကပြဿနာတွေက ဘယ်လိုတွေစဖြစ်လို့ ဒီလိုကြီးမားလာသလဲ၊ အမှန်တရားကကောဘာလဲ။ Guppyတစ်ယောက်ဘဝကို ဘယ်လိုကြိုးစားရုန်းကန်လဲ။
Guppyငါးလေးတွေကိုသူဘယ်လောက်ချစ်သလဲ။ ဇာတ်ကားလေးမှာဆက်လက်ရှုစားကြပါ။
Review and Translate Lwin Moe Thwin
Encoded by Hein Min Htet
Hd 720p 1g/500mb
Heartfall Arises (2016)မြန်မာစာတန်းထိုး
ဟောင်ကောင် မှာ နာမည်ကျော် လူသတ်သမား General ဟာ လုပ်ငန်းရှင်ငွေရှင်ကြေးရှင်တွေကို မသတ်ခင် အသိပေးသော်လည်း လူသတ်မှုတွေ တစ်ခုပီးတစ်ခု ဖြစ်နေပါတယ်။ လုပ်ငန်းရှင် Bam lan ကိုကာကွယ်ဖို့  ဟောင်ကောင် ရဲ John Ma ရဲ့ လက်ထဲမှာ လူသတ်သမား Generalကျရှုံးသွားပါတယ်။ John တစ်ယောက် ဒဏ်ရာရပီး ဆေးရုံတက်နေစဉ်မှာပဲ Profeasor Clavin Che နဲ့တွေ့ဆုံခဲ့တယ်။ တစ်နှစ်အကြာပီးနောက် အာရှလုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ပါတီပွဲ မှာ စောင့်ကြည့်ဖို့  John တာဝန်ကျတော့ အမှတ်မထင် General နဲ့ တစ်ပုံတည်း တူတဲ့ လူဆိုးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ General အသစ် တယောက် ထွက်ပေါ်လာပီး John ကိုထပ်ယှဉ်ပြိုင်ဖို့ စိန်ခေါ်ခဲ့တယ်။ ရဲအဖွဲ့က အသစ်ပြန်ပေါ်လာတဲ့ General နဲ့ပုံစံတူ လူသတ်သမားကို ဘယ်လိုဖမ်းဆီးမလဲ ဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ Sharon ကိုးသောက်ပွဲမှာကယ်ခဲ့တဲ့ ရဲ ဟာ သူ့ ရဲ့ ရည်းစားGeneral ကို သတ်တဲ့ သူဖြစ်နေမှန်းsharon သိသွားတဲ့ အခါ ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်။ သေသွားတဲ့ Dr.Ko အမှုကိုပြန်စစ်ကြည့်တော့ ထိုင်ဝမ်မှာ professor Clavin Che တစ်ယောက်ပဲရှိနေကြောင်း John Ma သိသွားတဲ့အခါ တတ်တဆိတ်စုံစမ်းဖို့ ဖြစ်လာပါတယ်။ အဲ့ဒီနောက် Calvin Che ကိုယ်တိုင်ကလဲ အသည်းအစားထိုးခွဲစိတ်မှုလုပ်ထားရတယ် ဆိုတာနဲ့ ခွဲစိတ်မှုခံယူပီးနောက် စိတ်ပညာရှင် တစ်ယောက် ဘာကြောင့် ဖောက်ပြန်ပီးစိတ်ရိုင်းဝင်သွားလဲဆိုတာ Heartfall Arises မှာ ဆက်လက်ရူစားရမှာပါ။
Review & Translate by Seint Thet Htar Aung
Encoded by Hein Min Htet
quality & size-730mb bluray 720p
Subscribe to:
Posts (Atom)
-
၁၈+ ကို ဇါတ်လမ်းလေးနဲ့ မှ ကြည့်ရတာအရသာရှိ တာလို့ ဆိုစမှတ်ပြုကြတဲ့ ညီအစ်ကိုတွေအတွက် နည်းနည်း ကြက်သီးမွှေးညင်းလေး ထရုံလေး ကောင်းမွန်တ...
-
Miss Teacher (2016) မြန်မာစာတန်းထိုး ၁၈+ 18+ဇာတ်လမ်းဆန်းဆန်းလေးတွေ တောင့်တနေတဲ့ ပရိတ်သတ်ကြီးအတွက် India 2016 ဇာတ်ကားတစ်ကား Gold Chan...