Wednesday, January 4, 2017

Fatal Intuition 2015 (မြန်မာစာတန်းထိုး)

အခုတစ်ခါမှာတော့  ပရိသတ်ကြီးကို 2015 တုန်းကထွက်ရှိခဲ့ပြီး
 Crime film/Thriller အမျိုးအစားဖြစ်တဲ့ ကိုရီးယားကားကောင်း
 လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားကိုတော့ 1991တုန်းက
လူသတ်မှုတစ်ခုကို အခြေခံရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်အနေနဲ့ 
Yong-pal, King of Baking, Bridal Mask, Good Doctor
 စတဲ့ဇာတ်ကားများဖြင့်လူကြိုက်များလာတဲ့Joo Wonကပါဝင်
သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့


မိဘတွေယာဉ်တိုက်မှုကြောင့်ဆုံးပါးသွားပြီးကတည်းကမာင်နှမနှစ်ယောက်
ပဲကျန်ခဲ့တဲ့အတွက်ကြောင့်ဂျန်ဝူးဟာညီမဖြစ်သူအွန်းဂျီကမျက်စိအောက်က
အပျောက်မခံနိုင်လောက်အောင်အရိပ်တကြည့်ကြည့်စောင့်ရှောက်လာခဲ့
တယ်။အဲ့လိုနဲ့တစ်နေ့မှာတော့အွန်းဂျီဟာပျောက်သွားတယ်။ရဲတွေကတော့
ဂျန်ဝူးကိုမင်းညီမကထွက်ပြေးသွားတာလို့ပြောပေမဲ့လီရှီအွန်ဆိုတဲ့တစ္ဆေသရဲ
တွေအနာဂတ်ကိုကြိုမြင်ရတဲ့မိန်းကလေးကြောင့်အွန်းဂျီရဲ့အလောင်းကိုတွေ့
လိုက်ရတဲ့အချိန်မှာ လူသတ်တရားခံကဘယ်သူဖြစ်မလဲ တောင်ထိပ်ပေါ်
ကအိမ်ကြီးမှာရောဘယ်လိုရာဇဝင်တွေရှိတာလဲ ပြီးတော့လီရှီ အွန်ကြို
မြင်ရတဲ့ဂျန်ဝူးရဲ့ အနာဂတ်ကရော ဘယ်လိုလဲဆိုတာကိုတော့ဇာတ်လမ်း
လေးထဲမှာပဲဆက်လက် ကြည့်ရှုခံစားကြပါရှင်။

ဒီဇာတ်ကားထဲမှာတော့မောင်နှမမေတ္တာကိုအဓိကဖော်ညွှန်းထားပြီး 
ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်အတွက်ကြောင့် လုံးဝလက်မလွှတ်
သင့်တဲ့ကားလေးတစ်ကားပါ။ Rating ကတော့ IMDb - 5.7/10 
ရရှိထားပါတယ်။

Review & Translate by May Nine
Encoded by Hein Min Htet
Quality-HD 720p
Size-780mb





No comments:

Post a Comment