တပင်ရွှေထီးသည်ဟံသာဝတီနေပြည် တော်သို့ ပြည်လည်ရောက်ရှိတော်မူလျှင် မြို့တော် ကို မြို့တောင်ဘက်သို့ချဲ့ကာ ရွှေမော်ဓောစေတီတော်၏ အနောက်ဘက်ကို ပတ်၍ ပြုပြင်တော်မူသည်။ ဘုရင့်နောင်၏ဖခင် မင်းရဲသိင်္ခသူကိုလည်း မင်းရဲသီဟသူဘွဲ့မည်နှင်းလျက် ကေတုမတီ(တောင်ငူ) ဘုရင်ခံအဖြစ် ခန့်တော်မူသည်။ ယောက်ဖတော်ဖြစ်သည့် ဘုရင့်နောင်ကိုလည်း ကြီးကျယ်စွာချီးမြှင့်ရန် ကြံရွယ်ရင်းရှိသည့်အတိုင်း ဘုရင့်နောင်အား မိမိကဲ့သို့ပင် နိုင်ငံတော်ကို အုပ်ချုပ်ရမည်ဟု အမိန့်တော် ရှိလေသည်။ ထိုအချိန်မှစ၍ ဘုရင့်နောင်၏ အာဏာတော်မှာလည်း ရှေးကထက် ကြီးမားတိုးတက် လာခဲ့ရသည်။
သုရှင်တကာရွတ်ပိ နတ်ရွာစံသဖြင့် ၎င်း၏မှူးမတ် သေနာပတိနှင့် စစ်သည်ရဲမက်အများလည်း တပင်ရွှေထီးဖဝါးတော်အောက်သို
တပင်ရွှေထီးသည် လက်အောက်ခံဖြစ်သည့် ပုသိမ်(၃၂) မြို့ကို အလုံးအရင်းနှင့်တကွ ရန်သူတို့ နှောက်ယှက်ခြင်းမရှိစေရန် ကျေးစားထည့်တော်မူသည်။ အုပ်ချုပ်ရေးကို စနစ်တကျပြုကာ နိုင်ငံတော်ကာကွယ်ရေးကို အလေးထားဆောင်ရွက်သည်။
ရာမညတိုင်း မွန်သုံးရပ်ဖြစ်သည့် ဟံသာဝတီ၊ ပုသိမ်နှင့် မုတ္တမတို့တွင် တပင်ရွှေထီးလက်အောက်သို့ ဟံသာဝတီ(၃၂)မြို့နှင့် ပုသိမ်(၃၂)မြို့တို့မှာ သြဇာခံကျရောက်ပြီးဖြစ်သော်လ
“မုတ္တမ(၃၂)မြို့ကိုစားရသော စောဗညားသည် ယခုအခါ ငါ့အား အံတု၍ နေသည်။ ယင်းကိစ္စအား မည်သို့မည်ပုံစီမံသင့်သည်ကိ
ထိုအခါ မှူမတ်များက မုတ္တမကို တိုက်ခိုက်သိမ်းယူတော်မူရန်
“တိုက်ခိုက်ခြင်းမှာ သေးငယ်သည့်တာဝန်မဟုတ်ပါ၊ စစ်ဖြစ်လျှင် သတ္တဝါအများ ကြီးစွာသော ဆင်းရဲခြင်းသို့ ဖြစ်ရပါလိမ့်မည်၊ ပရိယာယ်ကို အသုံးပြုလျက် အနုဖြင့်ကြံလျှင်လည်း ရခြင်းသာ လိုရင်းဖြစ်သည့်အတွက် ကောင်းသည်ပင်ဖြစ်ပါသည်။ သို့ပါ၍ ဦးစွာ မုတ္တမမင်းထံ သံစေလွှတ်ပြီး မေးရန်သင့်ပါသည်” ဟု လျှောက်တင်ရာ တပင်ရွှေထီးက ဘုရင့်နောင် ၏ လျှောက်တင်ချက်ကို လက်ခံတော်မူသည်။
ထိုအချိန်က မုတ္တမမြို့မှာ ဥရောပတိုက်မှ အာဖရိကတောင်စွန်း ဂွတ်ဟုပ်အငူ( Cape of Good Hope) မှ လည့်လည်၍ လည်းကောင်း၊ အိန္ဒိယပြည်၊ ပေါ်တူဂီပိုင် ဂိုအာ (Goa) နယ်မှ လည်းကောင်း၊ နိုင်ငံခြားသားများ လာရောက်ကာ ကုန်ကူးသန်းရောင်းဝယ်နေကြသြ
မလက္ကာ (Malacca)ကို ပိုင်ဆိုင်သည့် ပေါ်တူဂီလူမျိုး အန်တော်နီကော်ရီးယားကလည်း မုတ္တမမြို့စား စောဗညားနှင့် စာချုပ်ချုပ်ဆိုကာ မုတ္တမတွင် ရောင်းဝယ်ရေးဌာနကြီးတစ်ခု ဖွင့်ပြီး ပြည်တွင်း ထွက်ကုန်များကို ဝယ်ယူလျက် ဥရောပတိုက်သို့ တင်ပို့ရောင်းချလျက်ရှိ၏။ ထို့ကြောင့် မုတ္တမမှာ နိုင်ငံခြားနှင့်ဆက်သွယ်ရော
တပင်ရွှေထီးက မိမိလက်အောက်ခံရန်အတွက် သံစေလွှတ်လိုက်သည့်အခါတွင် သံတို့ကို မချေမငံပြောကြား၍ လွှတ်သည်။ စောဗညား၏ ပြန်ကြားချက်ကို သိရသည်တွင် ပြင်းစွာသော အမျက်တော်ရှတော်မူပြီးလျှင်
ကြည်းကြောင်းချီတပ်နှင့် ရေကြောင်းချီတပ်ကို ပြင်ဆင်ပြီး ကြည်းကြောင်းချီတပ်တော်တွင်
မှတ်ချက်။ ။ ‘ဝန်’ ဟူသောရာထူးကို တပင်ရွှေထီးလက်ထက်တော်တွင် စတင်ခန့်ထားခြင်းဖြစ်၏။
ကြည်းကြောင်းချီတပ်တွင် မြင်းတပ်(၃)တပ်နှင့် ခြေလျင်တပ် (၇)တပ်ကို ရှေးဦးစွာ ချီစေ၍ ဆင်စီးအမတ်လေကျိပ်နှင့် တိုက်ဆင်(၄၀)၊ စစ်မြင်း(၄၀၀)၊ စစ်သည်(၄၀၀၀၀)ပါသော တပ်ကြီးကို တပ်မပြုကာ နောက်မှလည်း တပ်ကြီးများလိုက်ပါကြရသည်။ ဘုရင်တပင်ရွှေထီးကား အလယ်တပ်မကြီးမှ လိုက်ပါလေ၏။
ကေတုမတီ(တောင်ငူ)သံများ ပြန်ကြသည်နှင့် မုတ္တမစား စောဗညားကလည်း စစ်ရေးအတွက် ချက်ချင်းပင်ပြင်ဆင်သည်။ မုတ္တမမြို့သည် တောင်မြောက်ရှည်လျားပြီး၊ အရှေ့ဘက်၌ သံလွင်မြစ်ရှိနေသဖြင့် ကျုံးကြီးသဖွယ် အားကိုးနေရသည်။ အနောက်ဘက်၌ရှိသည့် တောင်တန်းကြီး ကိုလည်း အမှီပြုထားခြင်းဖြစ်သဖြင့် စစ်ရေးစစ်ရာတွင် ခံမြို့ကဲ့သို့ များစွာအကွက်ကောင်းသော နေရာပင်ဖြစ်သည်။
နိုင်ငံခြားသားပေါ်တူဂီတို့က
တပင်ရွှေထီး၏ ကြည်းကြောင်းချီတပ်နှင့် ရေကြောင်းချီတပ်များ မုတ္တမအနီးသို့ ရောက်ရှိသွားပြီး မကြာမီရက်များတွင် ဘုရင့်နောင်သည် တိုက်ပွဲတိုင်းနိုင်ရမည်ဟူေ
ထို့ကြောင့် နောက်တစ်နည်းအနေဖြင့် ပင်လယ်ဝမှဝင်လာသည့် ရန်သူသင်္ဘောတို့ကို တစ်ဖက်ကမ်းမှကာကွယ်၍ မြို့ကို ရံမြဲတိုင်းရံပြီးလျှင် အစာဆန်ရေ အသွင်းအယူမရှိစေရန် ရေဘက်၊ ကုန်းဘက် ညှပ်လျက်ပိတ်ဆို့ထား၏။ ထိုသို့ ရေတပ်၊ ကုန်းတပ်ညှပ်၍ပိတ်ဆို့ထားရာ
ထို့နောက်တွင် သမိန်ပရူးက ၎င်း၏အကြံအစည်ကို တပင်ရွှေထီးအား တင်လျှောက်ကာ လှေတပ်ကို သံလွင်မြစ်ညာလကွန်းမြို့သို
မီးများအရှိန်ပြင်းစွာ တောက်လောင်နေစဉ် မီးဖောင်စကြာ ကြီးမှာ ရေ၌မျောသွားပြီး ရန်သူ့သင်္ဘော (၃)စီးကို ငြိကပ်၍ သင်္ဘောကို မီးစွဲလောင်လေတော့ရာ သင်္ဘောပေါ်ရှိ ပေါ်တူဂီစစ်သားများအားလုံး ရေထဲသို့ ခုန်ဆင်းကာ ရေကူးပြေးကြရသည်။ မြို့တွင်းမှလည်း မီးကို ငြိမ်းသတ်ရန် လှေနှင့်ကူးလာကြစဉ် မြန်မာတပ်၏ ဆီးကြိုပစ်ခတ်သဖြင့် သေဆုံးကြရသည်။ မီးလောင်နေသည့်သင်္ဘော(၃)စီးမ
ထို့နောက် အသင့်ပြုလုပ်ထားသော အလျား အလံသုံးရာ၊ အနံ အလံငါးရာရှိသော ဒုတိယဖောင်ကြီးပေါ်တွင် ခံတပ်ကြီးတည်ဆောက်လျက် လက်နက်ခဲယမ်းမီးကျောက်၊ အစာဆန်ရေ အပြည့်အစုံနှင့် စစ်သည်တို့ကို တင်ပြီးလျှင် ဒီရေအကျ၌ အောက်သို့မျှောလိုက်သည်။ ၎င်းဖောင်ကြီး မြို့အနီးသို့ရောက်သောအခါ ဖောင်ပေါ်ရှိ သစ်တပ်မှာ မုတ္တမမြို့ရိုးထက်မြင့်သည့်
ထိုစဉ် မြန်မာလှေတပ်က မြို့ရိုးကိုချဉ်း၍ တူးဖြိုးကြသကဲ့သို့ ကြည်းတပ်ကလည်း မြို့ကို တိုက်ဖောက်၍ ဆင်လုံးမြင်းရင်းနှင့်တကွ မြို့တွင်းသို့ဝင်သည်။ မြို့ရိုးအနှံ့ပေါက်ကုန်ကာ မြို့တွင်း၌ လက်တကမ်းတိုက်ပွဲများဖြစ်လေ
မုတ္တမစားစောဗညားသည် သူရသတ္တိနှင့်ပြည့်စုံသူဖြစ်
မုတ္တမကို အောင်နိုင်ပြီးနောက် တပင်ရွှေထီးသည် မွန်အမတ်သမိန်ပရူးအား ချီးမွမ်းတော်မူပြီးလျှင် အဆောင်အယောင် အစီးအနင်းနှင့်တကွ သမိန်ပရူးအား မြောင်းမြမြို့ကို ပေးတော်မူသည်။ နန္ဒကျော်သူကိုလည်း ‘မင်းကျော်ထင်’ ဟူသော ဘွဲ့ကို ချီးမြင့်တော်မူ၍ ကွမ်းခွက်၊ လက်ဖက်အိုး၊ ကွမ်းအိုး၊ ရွှေအိုးပျစ်၊ ရွှေမြူတာ၊ ရွှေထွေးခံ၊ ဆင်ရွှေက၊ မြင်းရွှေက၊ လှေချင်ပိတ်၊ ပဲ့ပေါင်းလှေမှတ်အားလုံးကို
ထို့နောက် မုတ္တမကို သုရှင်တကာရွတ်ပိ၏ ယောက်ဖတော်စောလကွန်းအိမ်အား
ပြည်တိုက်ပွဲ
တပင်ရွှေထီးသည် မုတ္တမကို အောင်တော်မူသည့်အတွက် မွန်သုံးရပ်ကို အလိုတော်ပြည့်ပြီဖြစ်သည်။ ထို့ကြောင့် သက္ကရာဇ်(၉၀၃) ခုနှစ်တွင် ဒဂုန်(ရန်ကုန်)သို့ ချီတော်မူ၍ ဒဂုန်(ရွှေတိဂုံ) စေတီတော်အား မကိုဋ်တင်တော်မူလေသည်။ အရိယာသံဃာတော်တို့အား ရက်လည်အောင်ဆွမ်း လုပ်ကျွေးတော်မူသည်။ သဘင်ကြီးများလည်း ခံတော်မူသည်။
ဟံသာဝတီနေပြည်တော်သို့ ပြန်လည်ရောက်ရှိတော်မူလျှင်
“ရှေ့သီတင်းဝါလကျွတ်လျှင် ပြည်သို့ ချီတော်မူမည်၊ မြို့စား ပြစားအပေါင်းတို့သည် ဆင်၊ မြင်း၊ ဗိုလ်ပါ ဖြည့်တင်းစေ၊ စစ်ဝတ်တန်ဆာ၊ လက်နက်ကိရိယာ၊ ဆေး၊ ကျည်စေ့၊ မျိုးရိက္ခာ ပြည့်စုံစေရမည်” ဟု အမိန့်တော်ရှိသည်။
သို့ဖြင့် တန်ဆောင်မုန်းလဆန်းသို့ရောက
ရေကြောင်းချီတပ်တွင် ရှေ့တော်မှ လှေတပ်(၆)တပ်က ချီရသည်။ ထို့နောက်မှ ဘုရင်တပင်ရွှေထီးက ဘုံ(၁၁)ဆင့် ရှိသော ရွှေဖောင်တော်ကြီးကို စီးတော်မူကာ ရွှေဖောင်တော်ကြီးနောက်မှ လှေတပ်(၆)တပ်က လိုက်ပါရသည်။ ရေကြောင်းချီတပ်မှာ တပ်မတော်ကြီးနှင့်တကွ တပ်ပါင်း (၁၃)တပ်ရှိသည့် လှေကြီးလှေငယ်ပေါင်း (၁၃၇၀)နှင့် စစ်သည်ပေါင်း (၉၀၀၀၀) ပါရှိသည်။
ကြည်းကြောင်းချီတပ်တွင် ခြေလျင်တပ်(၅)တပ်၊ မြင်းတပ်(၅)တပ်၊ ဘုရင့်နောင်၏ တပ်မကြီး (၁)တပ်၊ စုစုပေါင်း (၁၁)တပ် ပါရှိသည်။ မြင်းတပ်(၅)တပ်ကို ရှေ့မှချီစေပြီး ထို့နောက်မှ ဘုရင့်နောင်၏ တပ်မကြီး၊ ၎င်းတပ်မကြီး၏နောက်မှ ခြေလျင်တပ်(၅)တပ် အစဉ်အတိုင်း လိုက်ပါသည်။ ကြည်းကြောင်းချီတပ်၏ အင်အားမှာ တိုက်ဆင်(၃၀၀)၊ စစ်မြင်း(၂၅၀၀)၊ စစ်သည်(၈၀၀၀၀) ဖြစ်သည်။ ဟံသာဝတီတွင် အထိန်းတော် သတိုးဓမ္မရာဇာနှင့် အမတ်ကြီး သက်ရှည်ကျော်ထင်တို့အား မြို့စောင့်အဖြစ် ထားခဲ့၏။
အင်အားကြီးမားသည့် တပင်ရွှေထီး၏ တပ်တော်ကြီး ပြည်သို့ချီလာပြီဟုကြားရလျှ
သိုဟန်ဘွားနှင့် စော်ဘွားများကလည်း အညီအညွှတ်တိုင်ပင်ကြပြီးလျှင
ပြည်ဘုရင်မင်းခေါင်သည် ယောက်ဖတော်ဖြစ်သည့် ရခိုင်ဘုရင်ထံလည်း စစ်ကူတောင်းရာ ရခိုင်ဘုရင်ကလည်း ကြည်းတပ်၊ ရေတပ်များကို အဆောတလျင်စိစစ်၍ ပြည်သို့ စေလွှတ်တော်မူသည်။ (ရခိုင်ဘုရင်ကို ယောက်ဖတော်ဟုဆိုရခြင်းမှာ မင်းခေါင်၏ နောင်တော်ဖြစ်သည့် နရပတိက နောင်အရေးပေါ်လာလျှင် အကူအညီရနိုင်ရန် ရခိုင်ဘုရင်အား နှမတော်ဖြစ်သည့် ပဲခူးမိဖုရားအား ပေးခဲ့၍ဖြစ်သည်။ ဤအကြောင်းကို ရှေ့အခန်းများတွင် ဖော်ပြပြီးဖြစ်သည်။ ရခိုင်ဘုရင်ကလည်း နရပတိ၏နှမတော်ကို မိဖုရားမြှောက်လေရာ ရခိုင်သို့ရောက်မှ မူလပဲခူးမိဖုရားအမည်မှ တန်ဆောင်းမိဖုရားအမည်သစ်ဖြင
တပင်ရွှေထီး၏တပ်များ ပြည်သို့ရောက်လျှင် မြို့တော်အား ဝန်းရံကာ အပြင်းအထန်လုပ်ကြံည်။ မင်းခေါင်ကလည်း အသင့်ပြုပြင်ထားပြီးသော မြို့ရိုးထက်မှ စစ်သည်တို့အား ရှိသမျှလက်နက်တို့ဖြင့် တုံ့ပြန်ပစ်ခတ်ကာကွယ်စေသည်။
တပင်ရွှေထီးက . . .
“ပြည်ကို ငါတို့ဝိုင်းရံထားပြီ၊ သင်တို့ မည်မျှထိ ခုခံနေနိုင်မည်နည်း၊ ခုခံနိုင်သမျှ ခုခံကြပါစေ။ တစ်နေ့တွင် ပြည်သည် ငါ့လက်တော်သို့ရောက်လာရလိမ်
အင်းဝဘုရင် သိုဟန်ဘွားနှင့် စော်ဘွားတို့၏ တပ်များချီလာနေခြင်းနှင့် ပတ်သက်ပြီး မှူးမတ်သေနာပတိတို့နှင့် တိုင်ပင်တော်မူရာတွင် ဘုရင့်နောင်က . . .
“ယခုအင်းဝဘုရင် သိုဟန်ဘွားနှင့် စော်ဘွားများ ချီလာရာတွင် ဆင်လုံးမြင်းလုံးများသည်ဟု သိရပါသည်။ ထိုသို့များသော်လည်း ဆင်စီးအရာ၌ ကျွန်တော်တို့ကိုမမီ၊ ခြေသည်ချင်းလည်း ကျွန်တော်တို့ကို မမီ၊ ရင်ဆိုင်မည်ဆိုပါက ရှမ်းတို့ ခံနိုင်မည်လော၊ မြင်းစီးမူကား ရှမ်းတို့ ကျွမ်းသည်ဖြစ်သောကြောင့် ကျွန်တော်တို့မှာ ဆင်ကိုအားပြု၍ချီမည်။ တစ်ကြောင်းမှာလည်း ရှမ်းတို့ချီလာသည်ကို ပြည်မြို့တွင်းမှ မသိရအောင် ညဥ့်ကိုချီ၍ တစ်စခန်းအလွန်မှ ကြို၍တိုက်ကြမည်၊ ရှမ်းတို့ ကျွန်တော်တို့ကို ခံနိုင်မည်လော၊ ပျက်အောင်တိုက်မည်” ဟု နားတော် လျှောက်တင်သည်။ တပင်ရွှေထီးကလည်း ဘုရင့်နောင်၏ လျှောက်တင်ချက်ကို လက်ခံတော်မူသည့်အတွက် စစ်ရေးကို စီစဉ်သည်။
ထို့နောက် စစ်ကြောင်းသုံးကြောင်းခွဲကာ
ရှေ့ဆုံးမှ ချီသော မြင်းတပ်များသည် စော်ဘွားတို့၏တပ်ကိုတွေ့ရာ ဘုရင့်နောင်ထံသို့ ရှမ်းတပ်များ ချီလာကြောင်းကို အမြန်လာ၍ လျှောက်တင်ကြသည်။ မြင်းတပ်များက စစ်ရေးငင်လေရာ ရှမ်းတပ်များမှ နောက်မှအတင်းလိုက်လာကြသည်။ ဘုရင့်နောင်စီစဉ်ထားသော လက်ဝဲလက်ယာတပ်များအတွင်းသို
ဘုရင့်နောင်၏ မြင်းတပ်(၆)တပ်က ဆုတ်၍ပြေးသော ရှမ်းတပ်များကို အတင်းဖိ၍လိုက်ရာ သုံးဆယ်ဘွား၊ ရပ်စောက်စော်ဘွား၊ နောင်မွန်စော်ဘွားတို့ကို ဆင့်နှင့်တကွ ရမိသည်။ ထိုတိုက်ပွဲ၌ မြန်မာတို့က တိုက်ဆင်(၆၀)၊ စစ်မြင်း(၃၀၀)ကျော်နှင့် ရှမ်းစစ်သည် (၂၀၀၀)ကျော်ကို ရရှိလိုက်သည်။
ထိုသို့ဆင်တပ်ဖြင့်တိုက်၍ ရှမ်းစော်ဘွားတို့ကို အောင်မြင်တော်မူပြီးနောက် ဘုရင့်နောင်သည် မြင်းတပ်များကို ဆက်၍မလိုက်စေတော့ပဲ စစ်ပွဲ၌ ရရှိသော လူသူ ဆင်မြင်း သုံ့ပန်းများကို သိမ်းယူပြီး ပြည်သို့ ပြန်လာသည်။ စစ်ပွဲမှ ဖမ်းဆီးရရှိခဲ့သည့် လူသူ ဆင်မြင်း သုံ့ပန်းများကို တပင်ရွှေထီးထံဆက်လေရာ တပင်ရွှေထီးမှာ ကျေနပ်အားရတော်မူလှသဖြင့် ဘုရင့်နောင်အား ချီးမွမ်းတော်မူပြီးလျှင်၊ ရရှိခဲ့သော ဆင်(၂၀)၊ စစ်မြင်း(၅၀)၊ သုံ့ပန်း(၂၀၀၀)ကျော်တို့ကို
မှူးမတ်အချို့က ပြည်ဘုရင်အား တပင်ရွှေထီးထံ စာကိုဆက်၍ အရေး ကိစ္စကိုဆောင်ရွက်ရန် လျှောက်တင်ကြသော်လည်း ပြည်ဘုရင်က လက်မခံဘဲ ယောက်ဖတော်ဖြစ်သည့် ရခိုင်မင်း၏ တပ်များအလာကိုသာ စောင့်မျှော်နေသည်။
ရခိုင်ဘုရင်၏ ညီတော်ဖြစ်သည့် သံတွဲစားမင်းအောင်လှသည် မိမိတို့ရခိုင်ပြည်မှ စစ်ကူများထွက်လာပြီဖြစ်ကြော
သံတွဲစားမင်းအောင်လှ၏ တပ်များ ပြည်ဘုရင်ကို ကူညီရန်ချီလာကြောင်းနှင့် ရခိုင်တို့၏ အစီအစဉ်အလုံးစုံကို သိရှိရသောအခါ ပုသိမ်၊ မြောင်းမြစသည့် အစွန်အဖျားမြို့များကို ခိုင်လုံစွာပြုလုပ်၍ ကာကွယ်ထားနှင့်ရန် ဘုရင့်နောင်က တပင်ရွှေထီးအားလျှောက်ထားသည်
ထို့နောက် မှူးမတ်သေနာပတိများကို ခေါ်ယူပြီးလျှင် . . .
“ယခု ရခိုင်မှ ကြည်းတပ်နှင့် ရေတပ် နှစ်ဘက်ညှပ်၍ ချီလာကြသည်မှာ အင်အားများလှသည်ဟု သိရသည်။ ထို့ကြောင့် စစ်ရေးကိစ္စကို မည်သို့လုပ်ကိုင်ဆောင်ရွက်သ
ဘုရင့်နောင်က . . .
“ကျွန်တော်တို့ ပြည်မြို့ကို ရံထားသောတပ်ကိုလည်း ရံထားမြဲအတိုင်းရှိစေပြီး၊ အချို့ကိုယူ၍ သူတို့ကိုနိုင်အောင် ကျွန်တော်တို့က ဆီးကြို၍တိုက်ပါမည်၊ ရခိုင်တို့သည် ရေတပ်တွင် ကျင်လည်သည်ဆိုသော်လည်း ကျွန်တော်တို့ ကြောက်ရန်မရှိ၊ အလျက်အမြန် နှိင်နင်းနိုင်ပါလိမ့်မည်” ဟု လျှောက်တင်ရာ တပင်ရွှေထီးသည် ဘုရင့်နောင်၏ လျှောက်တင်ချက်ကို နှစ်သက်တော်မူသဖြင့် “နောင်တော်ပင် သင့်အောင်စီစဉ်ပါလေ” ဟု မိန့်တော်မူ၏။
ဘုရင့်နောင်သည် မိမိနှင့် လိုက်ပါရန် ဆင်ကောင်း၊ မြင်းကောင်း၊ သူရဲကောင်းတို့ကိုရွေးချယ်က
လက်ဝဲကြောင်းချီတပ်တွင် တုယင်ယော်ဓားမြင်းတပ်၊ ရာဇတမန် မြင်းတပ်(၂)တပ်ကို ရှေ့မှချီစေကာ သီရိဇေယျကျော်ထင်(၁)တပ်၊ မဟာကြီး(၁)တပ်၊ သမိန်အဲရနဲ(၁)တပ်၊ သမိန်ဗရမ်း(၁)တပ်၊ မြင်းတပ် (၂)တပ်၊ တပ်ပေါင်း(၄)တပ်၊ ပေါင်း(၆)တပ်ကို လက်ဝဲကြောင်းချီစေသည်။ ယင်းစစ်ကြောင်းတွင် တိုက်ဆင်(၅၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၂၀၀၀၀) ပါဝင်သည်။
အလယ်တပ်မချီစစ်ကြောင်းတွင် စစ်တုရင်္ဂသူမြင်းတပ်၊ လက်ယာရဲတိုင်မြင်းတပ်၊ ၎င်း (၂)တပ်ကို ရှေ့မှချီစေသည်။ သမိန်စည်သူ(၁)တပ်၊ သမိန်ရဲသင်ရံ(၁)တပ်၊ သမိန်မောခွင်(၁)တပ် ဘုရင့်နောင်(၁)တပ်၊ မြင်း(၂)တပ်နှင့် တပ်ပေါင်း(၄)တပ်၊ ပေါင်း(၆)တပ်က အလယ်တပ်မအဖြစ်ချီသည်။ အင်အားမှာ တိုက်ဆင်(၅၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၂၀၀၀၀) ပါဝင်သည်။
လက်ယာကြောင်းချီစစ်ကြောင်းတ
ထိုသို့စစ်ကြောင်းသုံးကြောင
ဘုရင့်နောင်သည် ပြည်မြို့တွင်းမှ ပြေးထွက်လာသည့် လူ(၅)ယောက်ကို ခေါ်တော်မူပြီးလျှင် . . .
“ယခုကိစ္စတွင် သင်တို့အနေဖြင့် အမှုတော်
No comments:
Post a Comment